Thai Festival in Myanmar

Thai Festival in Myanmar

วันที่นำเข้าข้อมูล 1 Oct 2024

วันที่ปรับปรุงข้อมูล 1 Oct 2024

| 298 view

S__33275971_0 S__33275970_0   S__33275969_0  

 

S__33275973_0 S__33275972_0   S__33275967_0  

 

S__33275968_0 S__33275966_0   S__33275955_0  

 

S__33275960_0 S__33275948_0   S__33275952_0  

 

S__33275958_0 S__33275957_0   S__33275947_0  

 

S__33275946_0 S__33275945_0   S__33275955_0  

 

         S__33275961_0    S__33275962_0   S__33275963_0  

 

 S__33275964_0   IMG_4744_0 S__33275942_0   

The Royal Thai Embassy in Yangon, in collaboration with the Office of Commercial Affairs in Yangon, the Thai Business Association of Myanmar (TBAM), the Thai-Myanmar Business Council (TMBC), the Union of Myanmar Federation of Chambers of Commerce and Industry (UMFCCI), and Junction City Shopping Mall in Yangon, organized the Thai Festival 2024 in Yangon. The event took place at the promotional area of Junction City Shopping Mall, Yangon, and marked the first-ever Thai Festival in Myanmar.

On September 27, 2024, H.E. Mr. Mongkol Visitstump, Ambassador of Thailand to Myanmar, presided over the opening ceremony of the Thai Festival 2024 in Yangon. The event was attended by representatives from Thai private sector, members of the press, as well as the Thai communities in Myanmar and Myanmar nationals attending the event.
The Thai Festival 2024 in Yangon took place from September 27 to 29, 2024. The event featured three main activities as follows:

(1) Booth exhibitions by 53 Thai and Myanmar companies, showcasing Thai products and services such as food, health and beauty products, clothing, tourism, and entertainment. Additionally, Myanmar high-qualitied products such as beverages and health products were also on display. The Thai retailers in Junction City Shopping Mall also offered special promotions as part of the Festival. Moreover, a pop-up corner of the Thai products is set up at Marketplace, Junction City Branch, during the three days of the event.

(2) Stage performances included traditional Thai dances, Muay Thai, Thai cooking demonstrations, and Thai fashion show. The event also featured special appearances by well-known Myanmar artists and actors such as Paing Takhon, Hein Thit, and Kira, along with Thai artists Lula and Palaphol from GMM Grammy, Gun Napat from One 31, as well as See-Keen, and Aun-Achi from GMMTV. Furthermore, attendees of the event had the opportunity to enjoy

 

***********

 

ထိုင်းသံရုံးရန်ကုန်နှင့် ထိုင်းစီးပွားရေးသံရုံးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာထိုင်းစီးပွားရေး လုပ်ငန်းရှင်များအသင်း (Thai Business Association of Myanmar: TBAM) ၊ ထိုင်း-မြန်မာစီးပွားရေး ကောင်စီ (Thai – Myanmar Business Council: TMBC) ၊ မြန်မာနိုင်ငံစီးပွားရေးနှင့်စက်မှုလက်မှုလုပ်ငန်းရှင်ကြီးများ အသင်း(The Union of Myanmar Federation of Chambers of Commerce and Industry: UMFCCI) နှင့် Junction City ကုန်တိုက်တို့မှ ပူးပေါင်းကာ ရန်ကုန်မြို့ရဲ့ ပထမဆုံးထိုင်းပွဲတော်ကြီးကို Junction City ရဲ့ ဒုတိယထပ် ပရိုမိုးရှင်းဧရိယာမှာ ကျင်းပခဲ့ပါတယ်။
၂၇ ရက် စက်တင်ဘာလ ၂၀၂၄ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာထိုင်းသံအမတ်ကြီး မွန်ခွန် ဝိစစ္စတန်သည် ၂၀၂၄ ခုနှစ် ရန်ကုန်ထိုင်းပွဲတော်ကြီးကို အဖွင့်အမှာစကားပြောကြား ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံတွင်စီးပွားလုပ်ကိုင်နေသည့်ထိုင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် ထိုင်းနိုင်ငံမှစီးပွားရေးလုပ်ငန်းရှင်များအဖွဲ့မှ ကိုယ်စားလှယ်များ၊သတင်းမီဒီယာများနှင့် ရန်ကုန်မြို့တွင် နေထိုင်ကြသော ထိုင်းနှင့်မြန်မာလူမျိုးများ လာရောက်ခဲ့ကြပါသည်။
၂၀၂၄ ခုနှစ် ရန်ကုန်မြို့ထိုင်းပွဲတော်ကြီးကို ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိကျင်းပပြုလုပ်ပြီး ပွဲတော်လှုပ်ရှားမှုအနေဖြင့် အောက်ပါကဏ္ဍကြီး ၃ ရပ်ပါဝင်ပါသည်။

(၁) ထိုင်း၊မြန်မာကုမ္ပဏီများမှ ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာဆိုင်ခန်းပေါင်း ၅၃ ခန်း ပါဝင်ပြသရောင်းချပါသည်။ အစားအသောက်များ၊ အလှအပရေးရာနှင့် ကျန်းမာရေးဆိုင်ရာ ကုန်ပစ္စည်းများ၊ အဝတ်အစားများ၊ ခရီးသွားလုပ်ငန်းနှင့်ဖျော်ဖြေရေးများအပြင် ဖျော်ရည်နှင့် ကျန်မာရေးဆိုင်ရာမြန်မာထုတ်ကုန်များ ပါဝင်ပါသည်။ ထို့အပြင် Junction city မှာရှိတဲ့ ထိုင်းကုန်စည်ဆိုင်များနှင့် တတိယထပ်ရှိ Market Place စူပါမားကတ်ရှိ ထိုင်းကုန်စည် ပစ္စည်းများကိုလည်း ပွဲတော်ရက် ၃ ရက်အတွင်း ပရိုမိုးရှင်းများဖြင့်ပါဝင် ရောင်းချသွားမှာဖြစ်ပါသည်။

(၂) စင်မြင့်ထက်မှဖျော်ဖြေရေးအစီအစဉ်များအနေဖြင့် ထိုင်းရိုးရာအကများ၊ မွေထိုင်း၊ ထိုင်းအစားအစာသရုပ်ပြပြုလုပ်ခြင်း၊ ထိုင်းရိုးရာအထည်ဖက်ရှင်ရှိုးများအပြင် မြန်မာနိုင်ငံမှ အနုပညာရှင်နှင့် သရုပ်ဆောင်များဖြစ်ကြသည့် ပိုင်တံခွန်၊ ဟိန်းသစ်နှင့် Kira တို့ဖျော်ဖြေတင်ဆက်မှုများအပြင် GMM Grammy မှအနုပညာရှင်များဖြစ်သည့် Lula and Palaphol၊ One 31 မှအနုပညာရှင် Gun Napat နှင့် GMMTV မှ See-Keen နှင့် Aun-Achi တို့၏ တင်ဆက်မှုများလဲပါဝင်ခဲ့ပါမည်။ ဒီပွဲ၏အထူးအစီအစဉ်အနေဖြင့် ထိုင်းသီချင်းဖြင့် တီဆိုဖျော်ဖြေသည့် မြန်မာလူမျိုးဇကာတင် ၁၂ ဉီး၏ ထိုင်းသီချင်းဆိုပြိုင်ပွဲ T-Pop Star Challenge, Myanmar ကိုလဲကြည့်ရှုအားပေးနိုင်ပါသည်။

(၃) “Thai Film Festival” ထိုင်းရုပ်ရှင်ပွဲတော်အစီအစဉ်ကို ထိုင်းသံရုံးနှင့် GDH 559, GMMTV တို့ပူးပေါင်းပြီး ထိုင်းရုပ်ရှင်ဇာတ်ကား ၃ ကားကို Junction City စျေးဝယ်စင်တာ၏ J Cineplex မှာ အခမဲ့ ပြသပေးသွားပါမည်။ ပြသမည့်ရုပ်ရှင်ဇာတ်လမ်းမှာ မြန်မာပရိတ်သတ်များအကြား လူကြိုက်များအားပေးခဲ့သော How to make millions before grandma dies (အဘွား၏မြေး) နှင့် Pee Mak (ပီးမာ့သရဲကား) တို့နှင့် မြန်မာနိုင်ငံမှာပထမဆုံးအကြိမ်ရုံတင်ပြသမည့် Love You to Debt တို့ဖြစ်ပါသည်။ ဇာတ်ကား ၃ ကားကို မြန်မာလူမျိုးများစိတ်ပါဝင်စားမှုရရှိခဲ့ပြီး ပြသသွားမည့်အခမဲ့ ၆ ကြိမ်တွင် ၁၈၀၄ ယောက်မှ ကြိုတင်လက်မှတ်ခုံအပြည့်စာရင်းပေးသွင်းခဲ့ကြပါသည်။

ထိုင်းပွဲတော်ကြီး (သို့) “Thai Festival” ပွဲသည် ထိုင်းသံရုံးနှင့် ပြည်ပရောက်ထိုင်းလူမျိုးများ အဖွဲ့တို့ ပူးပေါင်းပြီး ထိုင်းကုန်စည်၊ အစားအသောက်၊ ယဉ်ကျေးမှု၊ ဂီတနှင့် ခရီးသွားလာ‌ရေးစသောကဏ္ဍပေါင်းစုံမှတဆင့် ထိုင်းနိုင်ငံ၏ soft power ကို မြှင့်တင်ပေးနိုင်ရန် ကျင်းပလျှက်ရှိရာ နိုင်ငံတကာမှာ လူကြိုက်များနှစ်သက်သောပွဲတော်ကြီးဖြစ်ပါသည်။ ယခုနှစ်ရန်ကုန်မြို့တွင်ကျင်းပခဲ့သည့်ထိုင်းပွဲတော်ကြီးတွင်လဲ မြန်မာလူမျိုးများ၏ နှစ်သက်အားပေးမှုများစွာရရှိပြီး ပွဲတော်ကျင်းပသော ၃ ရက်တာကာလအတွင်း လာရောက်သူပေါင်း ၁၀၅ ၂၅၅ ယောက်ရှိခဲ့ပါသည်။ ပွဲအတွင်းခင်းကျင်းသောဆိုင်ခန်းများမှ ကုန်ပစ္စည်းရောင်းရငွေစုစုပေါင်း ၂၉ ၆၉၁ ၂၄၄ ကျပ် (သို့) ၄၅၀ ၀၀၀ ဘတ်ရှိခဲ့ပါသည်။ စက်တင်ဘာလ ၃၀ ရက် ၂၀၂၄ ရက်အထိ (၂၉ရက် ဩဂုတ်လ ၂၀၂၄တွင်ဖွင့်လှစ်ထားသော) Thai Festival in Myanmar လူမှုကွန်ယက်စာမျက်နှာသို့ www.Thai festival Myanmar.com ဝက်ဆိုဒ်မှ ဝင်ရောက် ကြည့်ရှုသူအကြိမ်ရေ ၄၂၀၀ ကြိမ် နှင့် Facebook: Thai Festival in Myanmar တွင်စောင့်ကြည်သူ(Followers) ၂၃၀၀ ဦးရှိပါတယ်။ ဤအွန်လိုင်းလူမှုကွန်ရက်စာမျက်နှာများကို နောင်ကျင်းပမည့်ပွဲများတွင်လဲ ဆက်လက်အသုံးပြုသွားမည်ဖြစ်သည်။ ထိုင်းသံရုံး၊ရန်ကုန်သည် ပွဲတော်ကြီးကိုနှစ်စဉ် ကျင်းပနိုင်ရန် ရည်ရွယ်ထားပါသည်။ အကြောင်းမှာ ရင်းနှီးချစ်ခင်သောအိမ်နီချင်းနိုင်ငံ ဖြစ်သည့်ထိုင်းနှင့်မြန်မာအကြား ကဏ္ဍပေါင်းစုံပူပေါင်းဆောင်ရွက်နိုင်မှုအပြင် နှစ်နိုင်ငံအခြေခံကျသောနိုင်ငံသားချင်းပိုမိုခိုင်မြဲတဲ့ နားလည်မှုတွေများကို ဖော်ဆောင်ပေးနိုင်ရန်ဖြစ်သည်။