วันที่นำเข้าข้อมูล 6 Dec 2024
วันที่ปรับปรุงข้อมูล 6 Dec 2024
On 5 December 2024, the Royal Thai Embassy, Yangon, hosted a reception on occasions of the Birthday Anniversary of His Majesty King Bhumibol Adulyadej The Great, the National Day of the Kingdom of Thailand, and Thailand’s Father’s Day at the Thai Ambassador’s Residence. More than 500 guests including high-level representatives from the Myanmar government and business sectors, diplomatic corps and the Thai businesses and community in Myanmar attended the reception.
The exhibition featuring the biography and the royal projects of His Majesty King Bhumibol Adulyadej The Great was displayed to commemorate the life and contributions of His Majesty the Late King. In addition, a Thai dance troupe and representatives from the Tourism Authority of Thailand delivered traditional Thai performances and hold a painting demonstration of the iconic Phi Ta Khon ghost puppets. As part of the entertainment, Mr. Baron Hayne, the winner of the T-Pop Star Challenge, Myanmar, a Thai singing competition organised by the Royal Thai Embassy this past September, performed live Royal Compositions of His Majesty the Late King.
Food and drinks in the reception were sponsored by the Thai businesses in Myanmar under the coordination of the Thailand Business Association of Myanmar (TBAM). The Thai Residence also serve “Tom Yum Kung”, which has just been recognised as an Intangible Cultural Heritage of Humanity by the UNESCO.
*************
မြန်မာနိုင်ငံဆိုင်ရာထိုင်းသံရုံး၊ ရန်ကုန်သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင် ကျရောက်သော ထိုင်းဘုရင်မင်းမြတ် His Majesty King Bhumibol Adulyadej the Great ၏ မွေးနေ့မင်္ဂလာနှစ်ပတ်လည်နေ့၊ ထိုင်းအမျိုးသားနေ့နှင့် ထိုင်းနိုင်ငံ၏အဖေများနေ့စသည့်အထိမ်းအမှတ်အဖြစ် ပြုလုပ်သော ဧည့်ခံပွဲအခမ်းအနားကို ရန်ကုန်မြို့ရှိထိုင်းသံအမတ်ကြီး၏အိမ်တော်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ အစိုးရအဖွဲ့ဝင်များ၊ ပုဂ္ဂလိကကဏ္ဍများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရှိ သံတမန်အဖွဲ့များနှင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များ၊ မြန်မာနိုင်ငံရှိ ထိုင်းစီးပွားရေးလုပ်ငန်းရှင်များနှင့် ထိုင်းလူမျိုးများအပါအဝင် ဧည့်သည် ၅၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။
အခမ်းအနားအတွင်း ထိုင်းသံရုံးသည် ထိုင်းဘုရင်မင်းမြတ် His Majesty King Bhumibol Adulyadej the Great အကြောင်းအမှတ်တရပြခန်းတစ်ခုပါဝင်ပြီး ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ (TAT) ၏ ပံ့ပိုးကူညီမှုဖြင့် TAT အဖွဲ့မှ ဖျော်ဖြေတင်ဆက်သူ ၆ ဦးသည် ထိုင်းအနုပညာနှင့် ယဉ်ကျေးမှုဆိုင်ရာဖျော်ဖြေရေးအစီအစဉ်များနှင့် ထိုင်း (Phi Ta Khon) မျက်နှာဖုံးပန်းချီရေးဆွဲသရုပ်ပြမှုများလည်းပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ထိုင်းသံရုံးမှ ၂၀၂၄ခုနှစ် စက်တင်ဘာလတွင်ကျင်းပပြုလုပ်သော (T-Pop Star Challenge, Myanmar) ထိုင်းသီချင်းဆိုပြိုင်ပွဲတွင် ပထမဆုရရှိသူ Mr. Baron Hayne မှ ဘုရင့်ဘုန်းတော်ဖွဲ့တေးသီချင်းများကိုလည်း သီဆိုဖျော်ဖြေခဲ့သည်။
ထိုင်းသံရုံးသည် Thailand Business Association in Myanmar (TBAM) ၏ ညှိနှိုင်းပေါင်းစပ်ပေးမှုအောက်တွင် မြန်မာနိုင်ငံရှိ ထိုင်းပုဂ္ဂလိက လုပ်ငန်းရှင်များမှ ထောက်ပံ့ပေးသောအစားအသောက်နှင့် အဖျော်ယမကာဆိုင်ခန်းများအပါအဝင် ထိုင်းသံရုံး၏ဆိုင်ခန်းတွင် မကြာသေးမီက ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံထားရသော ထိုင်းဟင်းလျာ ပုစွန်တုံရမ်းဟင်းချိုကို ဧည့်သည်တော်များအတွက် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ပါသည်။